ထားဝယ်အိုးလုပ်ငန်း

ကြေး အိုးခေတ်ကပင် မြေအိုးလုပ်ငန်းလည်း ပေါ်ခဲ့မည်ဖြစ်သည် ။ မြေအိုးတွင် ပန်းပုံစံအမျိုးမျိုးဖော် ပြီး အသုံးပြုခဲ့သည်မှာ ပျူခေတ်ကပင် စတင်ခဲ့သည်။ ခေတ်အလိုက် မြေအိုးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ခဲ့ရာ ဒေသအလိုက် ထင်ရှားသော အိုးအမည်များပေါ်ထွန်းခဲ့သည် ။ ပဲခူးဒေသတွင် ပုဇွန်မြောင်းအိုး၊ တာဝဘူး မိတ္တီလာဒေသတွင် သဲတောကိုး စသဖြင့် ထူးခြားသောအိုးများ ပေါ်ထွက်ခဲ့သည် ။…… Read more “ထားဝယ်အိုးလုပ်ငန်း”

Advertisement

တစ်ချိန်က ထားဝယ်မြို့နေ စပါးသူဌေးမကြီး ဒေါ်ပျင်သူ ပိုင်ခဲ့တဲ့အိမ်ဖြစ်သည်။ ဝဗျောရွာဘက်မှာ လယ်ဧကများစွာပိုင်ဆိုင်ခဲ့ပြီး အရင်က အိမ်၏အနောက်ဘက်ရှိ စပါးကျီကြီးကြောင့်လည်း လူသိများခဲ့တယ်လို့သိရပါသည်။ 1825 နောက်ပိုင်း ပီနန်ဘက်ကနေ ဝင်လာခဲ့သည့် တရုတ် လက်သမားဆရာတို့၏ လက်ရာများထဲက တစ်ခုဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တံစက်မြိတ်များကိုပင် သစ်သားဖောက်ပန်းအလှဖြင့် တန်ဆာဆင်ထားသည်။ ဝရံတာကို စကော့တလန်နိုင်ငံ ကာဝီကျေးရွာက ထုတ်လုပ်သည့် သံပန်းများဖြင့်အလှဆင်ထားသည်။ ကိုလိုနီခေတ် လက်ရာဟန် တရုတ်၊ပေါ်တူဂီ ဗိသုကာ လက်ရာဟန်မျိုး ပေါင်းစပ်ပါဝင်သည်။ ထားဝယ်မြို့၏မြောက်ဘက်မြို့ရိုးကို ဖြိုဖျက်တည်ဆောက်ထားသော ကိုလိုနီခေတ် ဗာနေလမ်းမကြီးပေါ် ယနေ့ အခေါ် နိဗ္ဗာန်လမ်းမပေါ်တည်ရှိသည်။ နှစ် ၁၀၀ ခန့်သက်တမ်းရှိပြီဟုသိရပါသည်။ #HeritageVintageHouseDawei #MyanmarBeEnchanted #WelcomeToDawei samthemandawei.com